FROM FEB 3, 2023, TO FEB 6, 2023
WHAT TYPE OF SERVICES DO WE PROVIDE?
FROM FEB 3, 2023, TO FEB 6, 2023
ဘယ်လိုဝန်ဆောင်မှုတွေ ပေးအပ်ခဲ့သလဲ?
ပြင်ဆင်မှုအကြီးစားပြုလုပ်နေတဲ့ ဂိုထောင်ကြီးတခုမှ စီစီတီဗီ ၈ လုံးတပ်ဆင်ပေးခဲ့တဲ့ ပရောဂျက်ပဲဖြစ်ပါတယ်။ နေရာကတော့ ရန်ကုန်တိုင်း၊ သု၀ဏ္ဏမြို့နယ်၊ ရေနံသာစျေးလမ်း မှာပဲဖြစ်ပါတယ်။ အင်မတန်ထူထဲခိုင်ခန့်လွန်းလှတဲ့ နံရံတွေနဲ့တည်ဆောက်ထားတဲ့ အကျယ် ၆၀ x ၁၀၀ လောက်ရှိတဲ့ ဂိုထောင် လူနေအိမ် တွဲလျှက်အဆောက်အဦးကြီးထဲမှာ ကြိုးပြေးဆွဲဖို့ ပိုင်ရှင်တွေရဲ့ စံနှုန်းသတ်မှတ်ချက်တွေ လိုက်နာပြီး ပြုလုပ်ပေးခဲ့တဲ့ ပရောဂျက်ပဲဖြစ်ပါတယ်။ ကိုယ့်အဖွဲ့ကလူတွေ အင်မတန်ပင်ပန်းခဲ့ကြတာ ပြောဖွယ်ရာမရှိပါ။ စီစီတီဗီ ကြိုးပြေးရတဲ့တလျှောက် အဆောက်အဦးအမြင့်က ၁၈ ပေရှိပါတယ် စဉ်းစားကြည့်ရင်တောင် ဘယ်လောက်ခက်ခဲမလဲ သိနိုင်ပါလိမ့်မယ်။ ဆားဗေးဆင်း အလုပ်လက်ခံပြီးပြီဆိုရင် အဆုံးထိလျှောက်ရမှာ ကိုယ်တွေတာဝန်ပဲမလား၊ ဆိုတော့ ခရီးများအဆုံးထိလျှောက် ပေါ့။
နေရဲ့အလင်းရောင် Against ဖြစ်တဲ့နေရာတွေများလွန်းတော့ Tilt Adjustment တွေ အတော်လေး ခက်ခဲခဲ့ပါတယ်။ ကွာလတီကောင်း MP မြင့်တဲ့ ပစ္စည်းတွေရွေးချယ်အသုံးပြုခွင့်ပေးခဲ့တဲ့ လုပ်ငန်းရှင်တွေ ကိုပဲကျေးဇူးတင်နေရတာပါ။
စီစီတီဗီ ပဲတပ်တပ်၊ နက်ဝေါ့ပိုင်းပဲလုပ်လုပ် ကျွန်တော်အဖွဲ့တွေကိုသေချာကြပ်မတ်ဖြစ်တဲ့ကိစ္စက cable တွေဆွဲတဲ့အခါ သပ်သပ်ရပ်ရပ်နဲ့ ညီညီညာညာ ဖြစ်ဖို့ဦးစားပေးတာပါပဲ။ ကိုယ့်လက်ရာကောင်းမွန်မှ အလုပ်ရှင်လည်းစိတ်ချမ်းသာမယ် ကိုယ်တိုင်လည်းအသေးစိတ်ကအစ စီမံတတ်သူဖြစ်လာမယ်။ မဟုတ်ပဲ လုပ်ချင်သလိုလုပ်ရင် ဖြစ်ချင်သလိုတွေဖြစ် နှစ်ဦးနှစ်ဘက် စိတ်ဆင်းရဲရမဲ့ကိစ္စတွေဖြစ်လို့ အဲဒီလိုအသေးစိတ်တွေကအစ ဂရုစိုက်တတ်တာ Pro Tech Solutions ပါပဲ။
၄ရက်ထက် ပိုပြီးကြာခွင့်မရတဲ့ ပရောဂျက် ၃ ရက်မြောက်မှာ အလုံးစုံပြီးစီးလို့ သင်တန်းလေးပါ ပေးလိုက်နိုင်ပါသေးတယ်။ လောင်ကျွမ်းသွားတဲ့ HDMI Spliter အဟောင်းလေးနေရာမှာ အသင့်ပါလာတဲ့ ကျွန်တော်တို့ရဲ့ Spliter လေးနဲ့ အခမဲ့အစားထိုးပေးခဲ့တာ အမှတ်ရပေါ့။
PRO TECH SOLUTIONS
Yangon - Thuwunna - CCTV Project