Nay Pyi Taw
CCTV PROJECT - 4CH, 4MP, DVR AND POWER SUPPLY
WHAT TYPE OF SERVICES DO WE PROVIDE?
CCTV PROJECT - 4CH, 4MP, DVR AND POWER SUPPLY
OCT 2023
4CH, 4MP, DVR, POWER SUPPLY
CCTV PROJECT IN OTTRA THIRI, NAY PYI TAW
မိုးတွင်းကာလ နေပူတလှည့်မိုးရွာတလှည့်နဲ့ အလုပ်တွေလုပ်ရကိုင်ရတာ တော်တော်လေး ချာလပတ်ရမ်းရပါတယ်။ လျှပ်စစ်မီးနဲ့ပတ်သက်တာ မိုးတွင်းဘက် Outdoor လုပ်ရကိုင်ရတာ ဆားဗစ်သမားတွေအတွက် အန္တရာယ်များသလိုပဲ CCTV နဲ့ပတ်သက်ရင် မိုးတွင်းဘက် Outdoor လုပ်ရတာ အင်မတန်သတိထားရပါတယ် လူတွေအတွက်မဟုတ်ပဲ စက်ပစ္စည်းတွေအတွက်ပါ။ CCTV တွေဆိုတာ စွမ်းအားကြီးသလောက် နုနယ်ပါတယ် အကိုင်အတွယ်သတိမထားရင် ပျက်စီးဖို့လွယ်ပါတယ်။ မိုးရးစက်လက်နဲ့ စီစီတီဗီ တပ်ဆင်မိတယ်ဆို မကြာခင်ဆားဗစ်ပြန်ဝင်ပေးရမှာရာခိုင်နှုန်း သိပ်များပါတယ်။ ရေငွေ့ထက်ဆိုးတဲ့ သံချေးကိစ္စက အတော်လေးရှင်းရတာစိတ်ညစ်ဖို့ကောင်းပါတယ်။ သံချေးတက်လို့ဖြစ်တဲ့ကိစ္စက စီစီတီဗီ ကိုလည်းထိခိုက်နိုင်သလို Power Switch ကိုလည်းပြဿနာ ပေးနိုင်ပါတယ် ဒါကြောင့် စီစီတီဗီတပ်ဆင်မယ်ဆိုရင် မိုးမထိရေမထိ သတိထားကိုင်တွယ်ဆို အရေးကြီးပါတယ်။
နောက်ထပ်တခုက ဘယ်တော့မှ နက်ဝေါ့ကြိုးပြေးဆွဲခြင်း (Cabling) နှင့် Trunking လုပ်ငန်းစဉ်ကို ပြီးစလွယ် မလုပ်ပါနဲ့ အဓိကလုပ်ငန်းအပ်တဲ့အိမ်ရှင်တိုင်းက သူတို့အိမ်လေးလှလှပပ ဖြစ်တာကိုပဲ မြင်ချင်ကြမယ်ဆိုတာ ပြောဖို့လိုမယ်မထင်ပါဘူး ဒါကြောင့် ကိုယ်လုပ်တဲ့အလုပ်အသေးစိတ်လေးဖြစ်လင့်ကစား စေတနာလေးထည့်ပေးလိုက်မယ်ဆို နှစ်ဦးနှစ်ဘက် စိတ်အေးချမ်းရပါတယ်။ ပိုက်ဆိုလည်းပိုက်၊ Trunking ဆိုလည်း Trunking၊ ဆယ်ဒယ်ဆိုလည်းဆယ်ဒယ် အရာရာဟာ အတိုင်းအတာ ညီညွှတ်မျှတနေမှ လှပတဲ့ လက်ရာတခုရမယ်ဆိုတာ မမေ့ထားသင့်ပါဘူး။
ဒါတွေကြောင့်ပဲ နယ်ဝေးက ကာစတန်မာတွေက ဘယ်လောက်ပဲစောင့်ရစောင့်ရ Pro Tech Solutions နဲ့ပဲအလုပ်လုပ်ချင်ပါတယ်ဆိုတာမျိုးထိ တုန့်ပြန်မှုရခဲ့တာပါ။
ကာစတန်မာအားလုံးကို ကျေးဇူးတင်လျက်
PRO TECH SOLUTIONS
CCTV Project - ဥတ္တရသီရမြို့နယ်၊ နေပြည်တော်