WHAT TYPE OF SERVICES DO WE PROVIDE?
ဘယ်လိုဝန်ဆောင်မှုတွေ ပေးအပ်ခဲ့သလဲ?
မန္တလေးမှာ ဖွင့်လှစ်ခဲ့ပြီးဖြစ်သည့် သန်းကြွယ်လက်ဖက်ရည် ဆိုင် ဒုတိယမြောက်ဆိုင်သစ်မှာတပ်ဆင်ဖို့အတွက် 30kW ဝန်အားရှိ ဆိုလာအရံမီးပေးစံနစ်အတွက် ကျွန်တော်တို့ PRO TECHNICAL SOLUTIONS ကိုယုံကြည်စွာ လုပ်ငန်းပေးအပ်ခဲ့ပါတယ်။
လုပ်ငန်းတိုင်းအဆင်ပြေချောမွေ့တယ်ဆိုတာ ရှားပါတယ်။ ထုံးစံအတိုင်း လုပ်ငန်းအားလုံးပြီးစီးချိန်မှာ Electrical Load Balance မဖြစ်တဲ့ပြဿနာကိုကြုံရပြန်ပါတယ်။ တကယ်တမ်း အလုပ်လုပ်စဉ်အခါက မီးလိုင်းပြေးဆွဲတဲ့ ဆရာတွေနဲ့အသေးစိတ်အသေအချာပြောဆိုပြီးမှ လုပ်ခဲ့ကြတာဖြစ်ပေမယ့် အားလုံးကဖြစ်တတ်တဲ့ အနေအထားလေးတွေကြောင့်ပဲ သေချာညှိနှိုင်း Load Sharing တွေပြန်ညှိခိုင်းခဲ့ရပါတယ်။ အတူညှိနှိုင်းလုပ်ကိုင်ပေးတဲ့ မီးလိုင်းဆရာ ညီအကိုတွေကိုလည်း ကျေးဇူးတင်ရပါတယ်။
အခက်အခဲတွေ အတူအကွဖြတ်ကျော်ရင်းနဲ့ပဲ ဆိုဒ်လေးက အစစအရာရာအဆင်ပြေသွားခဲ့ပါတယ်။ မဖြစ်မနေ သတိထားသင့်ကြတဲ့ကိစ္စရပ်လေးတခုကတော့ Inverter တွေမှာပါတဲ့ WIFI စနစ်တွေက 2.4Ghz နဲ့ပဲအလုပ်လုပ်တာဖြစ်ပြီးတော့ 5Ghz နဲ့အလုပ်မလုပ်ပါဘူး။ နောက်ဆိုရင် ဒီကိစ္စလေးကိုလည်း Quotation မှာရော လူတွေ့ Presentation လုပ်တဲ့အခါမှာပါ သေချာထည့်ပြောရမယ်ဆိုတာလေးလည်း မှတ်သားရပါတယ်။
ဆိုလာတပ်ရင် ဘာတွေအားသာမလဲ မေးကြတယ်။ အတော်များများ ကလည်းဖြေကြတယ် မီတာခ သက်သာတယ်တဲ့။ မှန်တာပေါ့ ဒါအဖြေမှန်ပဲ ဒါပေမယ့်အဲ့ဒီထက်ပိုများတဲ့ကောင်းကျိုးတွေက မီးလာချိန်မှာလဲ ဆိုလာကတဆင့်မီးအားသုံးနေတာဆိုတော့အိမ်မီး မီတာတက်သက်သာတာ၊ မီးစက်မောင်းနှင်ရတဲ့အခါ မီးစက်ရုန်းအားသက်သာတာ၊ မီးစက်ဆီဖိုးသက်သာတာ၊ မီးစက်ကြောင့်ဖြစ်ပေါ်လာတဲ့ ဆူညံသံလျော့ကျတာ စတဲ့ကောင်းကျိုးတွေလည်းရှိပါသေးတယ်။
ဒါကြောင့် ဆိုလာတပ်ဆင်ခြင်တယ်ဆို ကျွန်တော်တို့ အဖွဲ့ကို ယုံယုံကြည်ကြည် ဆက်သွယ်ကြည့်ပါ။ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်အတိုင်း "Your Solutions Source: Always Ready!" လို့ကြွေးကြော်ပါရစေ။
PRO TECH SOLUTIONS
09 945 70 2255
09 945 70 2266
protechnicalsolutions.npt@gmail.com
contact@protechsolutions.site
မန္တလေး သန်းကြွယ်လက်ဖက်ရည်ဆိုင် ဒုတိယမြောက်ဆိုင် ပရောဂျက်ဓါတ်ပုံများ