Pro tech solutions
ဆိုတာ ဘာတွေလုပ်လဲ၊ ဘယ်သူတွေနဲ့ဖွဲ့စည်းထားတာလဲ
WHAT TYPE OF SERVICES DO WE PROVIDE?
ဆိုတာ ဘာတွေလုပ်လဲ၊ ဘယ်သူတွေနဲ့ဖွဲ့စည်းထားတာလဲ
မိမိတို့လုပ်ငန်းအား 2 Sep 2019 မှစတင်ကာ လျှပ်စစ်၊ အီလက်ထရောနစ် နှင့် နည်းပညာ ဆိုင်ရာလုပ်ငန်းများအား ဆားဗစ်ပေးခြင်းဖြင့် စတင်ခဲ့သည်။ ယူအန် အဖွဲ့အစည်းများ၊ နိုင်ငံတကာလူမှုကူညီရေးအဖွဲ့အစည်းများ၊ ပြည်တွင်းရှိနယ်ပယ်စုံစီးပွားရေးလုပ်ငန်းများ နှင့်လက်တွဲလုပ်ခဲ့ကြပါသည်။
ဝန်ဆောင်မှုပေးအပ်ခြင်းအဓိကပြုလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းဖြစ်သည့်အလျှောက် ကျွန်တော်တို့အဖွဲ့အနေဖြင့် အကောင်းဆုံးဝန်ဆောင်မှုများဖြင့် ပြုလုပ်ပေးခြင်း၊ လုပ်ငန်းအပ်နှံသူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အရည်အသွေးကောင်းမွန်သော ပစ္စည်းများသာရွေးချယ်အသုံးပြုပေးခြင်း၊ သင့်တင့်သော ကုန်ကျစရိတ်ဖြစ်အောင် အမြဲဦးစားပေးခြင်း၊ ကတိတည်ကြည်ခြင်း၊ လုပ်ငန်းပြီးဆုံးပြီးနောက်ပိုင်း After Sales Service ကိစ္စရပ်များကိုလည်း အလေးထားဆောင်ရွက်ပေးခြင်း စသည့်အရေးကြီးလုပ်ငန်းစဉ် ၅ရပ် ဖြင့် တစိုက်မတ်မတ် အကောင်အထည်ဖော် ကြိုးစားနေသည့် အဖွဲ့ဖြစ်ပါသည်။
လုပ်ငန်းစတင်လည်ပတ်ချိန်က ရန်ကုန်မြို့တွင် စတင်တည်ထောာင်ခဲ့ပြီး လက်ရှိအချိန်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် အခြေစိုက်သောလုပ်ငန်းတခုဖြစ်ပြီး တနိုင်ငံလုံးသို့ ဖြန့်ကျက်၍ ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။
အဲကွန်းတပ်ဆင်ပြုပြင်ခြင်း၊ အီလက်ထရောနစ်ပစ္စည်းများ ပြုပြင်ခြင်း၊ တိကျသည့် Diagram များဖြင့်အိမ်မီးလိုင်းများပြေးဆွဲခြင်း၊ ဗို့အားမြင့်ဓါတ်အားလိုင်းများတပ်ဆင်ခြင်း၊ နည်းပညာအခြေပြု စမတ်ဟုမ်း စနစ်များဖန်တီးတပ်ဆင်ခြင်း၊ Extra Low Voltage ပိုင်းဖြစ်သည့် စီစီတီဗီတပ်ဆင်ခြင်း၊ IP/PABX တပ်ဆင်ခြင်း၊ Public Address စနစ်တပ်ဆင်ခြင်း၊ Video/Audio intercom စနစ်တပ်ဆင်ခြင်း၊ ဝန်ထမ်းအဝင်အထွက် မှတ်တမ်းစနစ်တပ်ဆင်ခြင်း၊ Solar Renewable Energy တပ်ဆင်ခြင်း၊ IT Networking, Web Developing, Database, System Administration, Cybersecurity
စသည့်လုပ်ငန်းပိုင်များကို ကျွမ်းကျင်ပိုင်နိုင်စွာ အာမခံချက်ကောင်းများဖြင့် ဝန်ဆောင်မှုပေးနေပါသည်။
PRO TECHN SOLUTIONS
09 945 70 2255
09 945 70 2266
protechnicalsolutions.npt@gmail.com
contact@protechsolutions.site
ပြီးစီးခဲ့သော လုပ်ငန်းဓါတ်ပုံများ