WHAT TYPE OF SERVICES DO WE PROVIDE?
BACK TO 2011
ဘာတွေလုပ်ခဲ့ရလဲ ဘာတွေကြုံတွေ့ခဲ့ရလဲ?
တကယ်တန်း ဂီရိဆိုင်ကလုံးမုန်တိုင်းရဲ့ဒုက္ခတွေ ဘယ်လောက်တောင်များခဲ့ရလဲဆိုတာ ကိုယ်တိုင်ကြုံတွေ့ရသူတွေပဲ သိနိုင်ကြတာပါ။ ဘယ်လောက်ပဲကိုယ်ချင်းစာတယ်ပြောပြောခံစားရမလွယ်လှပါဘူး။ အနီးကပ်အတူတူရှိနေချိန် ရခိုင်ပြည်သူတွေအတွက် ကိုယ်နိုင်သလောက်လုပ်ပေးခဲ့တာ တွေးမိတိုင်းနောင်တမရှိပါဘူး။
မြေပုံမြို့ မှာ လိုအပ်တဲ့အလုပ်တွေပြီးဆုံးတော့ ကျောက်ဖြူမြို့ကို ခရီးဆက်ခဲ့ရပြန်တယ်ပေါ။ ကျွန်တော် အင်မတန်ကြောက်တဲ့ ရှပ်ပြေးဆိုတဲ့ ရေယာဉ်ကို အချိန်အတော်ကြာစီးပြီးမှ ရောက်ခဲ့တာဖြစ်ပါတယ်။ ရှပ်ပြေးရေယာဉ်ဆိုတာ အားကောင်းတဲ့စက်တပ်မော်တော်အကြီးစားတမျိုးပါ ဒါပေမယ့် အရမ်းမြန်တယ် အချိန်မရွေး လှိုင်းလေကြောင့် မှောက်သွားနိုင်လို့ ကြောက်ခဲ့ရတာပါ။ အလုပ်နဲ့သွားရမယ် ဆိုတော့လည်း ရှိသမျှအထုတ်အကုန်သယ် ရှပ်ပြေးပေါ် ဘုရားစာလေးရွတ်ရင်းတက်ပေါ့။ အိပ်နေရင်းတခုခုဖြစ်သွားတာပိုကောင်းပါတယ်ဆိုတဲ့စိတ်နဲ့ တလမ်းလုံးအိပ်လိုက်တော့တာပဲ။ အဟုတ်ဗျ နိုးလည်းနိုး ကျောက်ဖြူ ကိုလည်းအရောက်ပဲ။
ရေယာဉ်ပေါ်ကဆင်းတယ်ဆိုရင်ပဲ အထုတ်တွေအပိုးတွေစစ်ဆေးပြီး တည်းခိုရမဲ့ဟိုတယ်ဆီ အရင်ဆုံးပြေးရတာပေါ့။ မြေပုံမှာ ရေမချိုးပဲနေတာ ၂ရက်ရှိခဲ့ပြီကိုး။
နောက်ရက်စပြီး အင်တာနက်ရဖို့ဂြိုလ်တုစလောင်းစဆင်၊ ဒုတိယအဆင့် မီးစက်ပြင်ဆင်၊ မီးလိုင်းတွေပြေး၊ နက်ဝေါ့နဲ့သက်ဆိုင်တာတွေလုပ်၊ ၀ိုင်ဖိုင်တပ်၊ ဝေါ်ကီတော်ကီလို့ခေါ်တဲ့စက်တွေအလုပ်လုပ်ဖို့ တာဝါတိုင်အသေးစားတွေဆောက် လိုင်းတွေချိန်၊ မိုးကြိုးလွှဲတွေတပ်၊ အပိုဆုအနေနဲ့ ကျောက်ဖြူမှာ ဆိုလာ ပါဆင်ရတယ်ဗျ အတွေ့အကြုံတွေဆိုရင် စုံလို့။ ဒါတွေက ရေးပြလို့သာလွယ်တာပါ လုပ်ရတော့ ၇ရက် ၁ပတ် ကို အစားအသောက်မမှန် အိပ်ချိန်နည်းနည်းနဲ့လုပ်ခဲ့ရတာတွေချည်းပါပဲ။ မြေပုံမှာတုန်းကလိုပါပဲ မြင်မြင်သမျှမုန်တိုင်းဒဏ်တွေချည်းပဲဆိုတော့ အဲ့ဒါတွေကိုခံစားနေမယ့်အစား အလုပ်ကိုဖိလုပ်ရင်း ဖြေဖျောက်ခဲ့ရတာပေါ့။
တကယ်တန်း ဂြိုလ်တုစလောင်းတွေဆင်ပြီးအင်တာနက်ရအောင်လုပ်တာ အင်မတန်ခက်ပါတယ် ပစ္စည်းကိရိယာတွေစုံစုံလင်လင်နဲ့မှ အဆင်ပြေပြေဖြစ်တာ ဒါပေမယ့် စလောင်းဘန်းတွေဘယ်လောက်ရှုပ်တယ်ပြောပြော တကယ့်ပြဿနာက ဝေါ်ကီတော်ကီချန်နယ်လွှင့်ရတာပါ။ ဘယ်သောအခါမှ အလွယ်တကူမပြီးမြောက်ဖူးပဲ ခေါင်းရှုပ်ခြေရှုပ်လက်ရှုပ်စိတ်ရှုပ် ဆိုပြီးဒေါသတွေထွက်ရတဲ့အထိ လုပ်ရပါတယ်။
ဘယ်လိုပဲပြောပြော အခက်အခဲရှိကျိတ်ခံ ကျော်ဖြတ်ဖို့ကြိုးစား တခုခုဆိုဖုန်းနဲ့ပဲဆက်သွယ်မေးမြန်း အင်တာနက်ဆိုတာကြီးက ရှားပါးခဲ့ချိန်တုန်းကကိုး။
PRO TECH SOLUTIONS
09 945 70 2255
09 945 70 2266
၂၀၁၁ ခုနှစ် ဂီရိ ဆိုက်ကလုံဒဏ်ခံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကိုခေတ္တရောက်ရှိခဲ့စဉ်