WHAT TYPE OF SERVICES DO WE PROVIDE?
BACK TO 2012
ဘာတွေဖြစ်ခဲ့လဲ ဘယ်လိုမျိုးရှင်းလိုက်ရလဲ?
လျှပ်စစ်နဲ့ပတ်သက်တာ ဂြိုလ်တုဆက်သွယ်ရေးနဲ့ပတ်သက်တာ HF/VHF တွေနဲ့ပတ်သက်တာ စတာတွေအလုပ်လုပ်ပုံ တင်ဆင်ပုံ စနစ်ထည့်သွင်းပုံတွေ အသေအချာလေ့လာဆည်းပူးခွင့်ရလိုက်တာ ရခိုင်ပြည်နယ် ကိုအခြေချအလုပ်လုပ်ခွင့်ရခဲ့တဲ့အခါမှာပေါ့။
အဲ့ဒီထဲကမှ နေညိုပြီဆိုဘရေကာပြုတ်ကျတဲ့ အိပ်မရခဲ့တဲ့ ညတွေအကြောင်းအရင်းတခုရှိခဲ့ဖူးတယ်။ ဘယ်မီးတိုင်ဖွင့်လိုက်ရင် ဘရေကာကျတယ်ဆိုတာသိတယ် ဘာကြောင့်ကျတယ်ဆိုတာ မသိခဲ့တဲ့အချိန်တွေပေါ့။ ညနေ ၆ နာရီလောက်ဆို အဲ့ဒီ ဘရေကာ ၂ လုံးကျမလားဆိုပြီး စိတ်ညစ်ညစ်နဲ့ ထိုင်ကန်တော့ချင်လောက်အောင်ကို ဖြစ်ခဲ့ဖူးတယ်။ ဆရာကြီးတွေ ဒီစာဖတ်ပြီးပြောကြလိမ့်မယ် ဘရေကာ ကျတယ်ဆို မီးလိုင်းတွေ လိုက်စစ်ပေါ့ဆိုပြီးတော့၊ တကယ်တန်းတော့ တလ မှာ ၁၅ ရက်လောက်ပဲ ကျတာ ကျန်တဲ့ရက်တွေက အကောင်း ဆရာကြီးတို့ရဲ့။ ကျတဲ့ရက်တွေကလည်း မမှန်ဘူး ကျချင်သလိုကျတာ ဘယ်လိုများ အဖြေရှာရမှာတုန်း။
တကယ်တန်းကျတော့ ပြဿနာအရင်းခံက ပင်လယ်ဒီရေတက်တာပါပဲ။ ကျွန်တော်တို့အဖွဲ့အစည်းရဲ့ ဂိုထောင်ကြီးတွေက စစ်တွေကမ်းနားမှာတည်ဆောက် ထားတာပါ။ ဒီရေအတက်အကျရှိတာသိပေမယ့် ဂိုထောင်ကို ၅ ပေလောက်မြင့်ဆောက်ထားတော့ ဘယ်စိတ်ပူစရှာရှိမလဲ။ ခက်တာက တပ်ဆင်ထားတဲ့ မီးတိုင်တွေရဲ့ အောက်ကို ဒီရေတိုးတာ မသိကြတာပါပဲ။ ဒီရေတက်ပြီဆို မြှုပ်ပိုက်တွေထဲရေဝင်လာ ရှော့ခ်ဖြစ်ပြီး ဘရေကာ ကျ၊ ဒီရေကျရင်အကောင်း အဲလိုနဲ့ လုံးခြာလည်လိုက်ခဲ့ရတာ။ နောက်ဆုံးတော့ ရှိသမျှ မီးတိုင်တွေကိုပြေးဆွဲထားတဲ့ကြိုးတွေပိုက်တွေ အကုန်လုံးပြန်ဖော်တခုချင်းစစ်မှ အဖြေပေါ်တယ် အိမ်ပိုင်ရှင်ရဲ့ မီးဆရာတွေလက်ချက် ကြိုးအဆက်တွေနဲ့ဆိုတာ။ အပြစ်တွေ့ပြီဆိုတော့ အဖြေထုတ်ရတော့တာပေါ့၊ ဒါမျိုးကျ သိပ်မကြာပါဘူး ဆီလီကွန် နဲ့ ကွန်ပေါင်းတိတ် တွဲပြီးချရင်ရေလုံတယ်ဆိုတာ ဂြိုလ်တုဆင်တုန်းက LNB နဲ့ BUC တွေကအဖြေပေးခဲ့ပြီးသားပဲ။ တကယ်လည်းအလုပ်ဖြစ်ခဲ့ပါတယ်။ ပုံထဲကအတိုင်း သေချာအသေးစိတ် ဆီလီကွန်ထိုး တိတ်ပတ်လုပ်ပေးထားလိုက်တာ နှစ်နဲ့ချီလို့ ပြဿနာတခါတောင်ပြန်မပေးတော့ပဲ အိပ်မရတဲ့ညတွေ ကုန်လွန်ခဲ့ရတယ်ပေါ့။
PRO TECH SOLUTIONS
09421751174
09799158799
စစ်တွေ ဆန်ဂိုထောင်တွေရဲ့ လုံခြုံရေးမီးတိုင်တွေကပေးတဲ့ Electrical Shock သင်ခန်းစာ