WHAT TYPE OF SERVICES DO WE PROVIDE?
ဘယ်လိုဝန်ဆောင်မှုတွေ ပေးအပ်ခဲ့သလဲ?
မန္တလေးမှာ ဖွင့်လှစ်ခဲ့ပြီးဖြစ်သည့် သန်းကြွယ်လက်ဖက်ရည် ဆိုင် တတိယမြောက်ဆိုင်သစ်မှာတပ်ဆင်ဖို့အတွက် 33kW ဝန်အားရှိ ဆိုလာအရံမီးပေးစံနစ်အတွက် ကျွန်တော်တို့ PRO TECHNICAL SOLUTIONS ကိုယုံကြည်စွာ လုပ်ငန်းပေးအပ်ခဲ့ပါတယ်။
ဒီတခါကတော့ လုပ်ငန်းလုပ်ဆောင်ချိန်အလုံအလောက်အရရှိခဲ့ဆုံးသော ဆိုလာဆိုဒ်လေးဖြစ်ပါတယ်။ စုစုပေါင်း ၃ ပတ်ခန့် အလုပ်လုပ်ချိန်ရခဲ့ပါတယ်။
ဖုန်မှုန့် သဲမှုန့်တွေ အရမ်းကြောက်ရတဲ့ Inverter နဲ့ Battery ပစ္စည်းတွေအားလုံးကို အသေအချာလုံခြုံအောင်ထုတ်ပိုးသိမ်းဆည်းရတာအင်မတန်မှမလွယ်လှပါဘူး။ တပ်ဆင်လိုက် စမ်းလိုက် ဖြုတ်လိုက်ထုတ်ပိုးလိုက်နဲ့ ကျွန်တော်ရဲ့ဆရာသမားတွေ အလွန်ပင်ပန်းခဲ့ကြရပါတယ်။ စိတ်မြန်လက်မြန်ရှိလှတဲ့ကိုယ့်လူတွေက ပြဿာမရှိဘူးအမြဲပြောတတ်ကြပေမယ့် သူတို့ရဲ့ပင်ပန်းမှုတွေကျွန်တော်က မြင်နေရတာပဲလေ။ ညပိုင်းလေး တနေရာရာသွားမယ်စားမယ် အိပ်ချိန်မပူမပင်အဲကွန်းနဲ့အိပ်ကြရမယ် ဒီလိုအခြေခံလောက်ကတော့ မဖြစ်မနေ ကျွန်တော်က ပြန်လည်ဖြည့်ဆည်းပေးရမှာ တာဝန်ရော၀တ္တရားရောဖြစ်ပါတယ်။ ကျွန်တော်ကြောင့် သူတို့အလုပ်ရှိကြရသလို သူတို့ကြောင့်လည်း ကျွန်တော်ရှေ့ဆက်ခွင့်ရတာပါ အားလုံးက ကိုင်းကျွန်းမီ ကျွန်းကိုင်းမီ ပါပဲ။
ဆိုလာတပ်ဆင်တဲ့အခါ လိုအပ်တဲ့ဝန်အားကို သေချာစဉ်းစားပြီးတပ်ဆင်ကြဖို့အကြံပြုလိုပါတယ်။ အနည်းဆုံးနဲ့စဉ်းစားပြီးတပ်ဆင်ပြီးခါမှ ထပ်တိုးအသုံးပြုချင်လာကြတဲ့အခါ မလိုလားအပ်တဲ့အပိုကုန်ကျငွေတွေသုံးကြရပါတယ်။ အဲလိုမျိုးဖြစ်ပေါ်လာတဲ့အခါ လုပ်ငန်းအပ်တဲ့အလုပ်ရှင်တွေလည်းနစ်နာကြရသလို ကျွန်တော်တို့လည်း မျက်နှာပူကြရပါတယ်။ ဒါကြောင့် ပရောဂျက်တခုပြီးတိုင်း Presentation လုပ်တဲ့အခါပိုမိုအသေးစိတ်ရှင်းပြဖို့လိုတယ်ဆိုတဲ့အတွေးအသိတွေလည်း ရရှိပါတယ်။
ဆိုလာတပ်ရင် ဘာတွေအားသာမလဲ မေးကြတယ်။ အတော်များများ ကလည်းဖြေကြတယ် မီတာခ သက်သာတယ်တဲ့။ မှန်တာပေါ့ ဒါအဖြေမှန်ပဲ ဒါပေမယ့်အဲ့ဒီထက်ပိုများတဲ့ကောင်းကျိုးတွေက မီးလာချိန်မှာလဲ ဆိုလာကတဆင့်မီးအားသုံးနေတာဆိုတော့အိမ်မီး မီတာတက်သက်သာတာ၊ မီးစက်မောင်းနှင်ရတဲ့အခါ မီးစက်ရုန်းအားသက်သာတာ၊ မီးစက်ဆီဖိုးသက်သာတာ၊ မီးစက်ကြောင့်ဖြစ်ပေါ်လာတဲ့ ဆူညံသံလျော့ကျတာ စတဲ့ကောင်းကျိုးတွေလည်းရှိပါသေးတယ်။
ဒါကြောင့် ဆိုလာတပ်ဆင်ခြင်တယ်ဆို ကျွန်တော်တို့ အဖွဲ့ကို ယုံယုံကြည်ကြည် ဆက်သွယ်ကြည့်ပါ။ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်အတိုင်း "Your Solutions Source: Always Ready!" လို့ကြွေးကြော်ပါရစေ။
PRO TECH SOLUTIONS
09 945 70 2255
09 945 70 2266
protechnicalsolutions.npt@gmail.com
contact@protechsolutions.site
မန္တလေး သန်းကြွယ်လက်ဖက်ရည်ဆိုင် တတိယမြောက်ဆိုင် ပရောဂျက်ဓါတ်ပုံများ