WHAT TYPE OF SERVICES DO WE PROVIDE?
Yamethin
ဘယ်လိုဝန်ဆောင်မှုတွေ ပေးအပ်ခဲ့သလဲ?
ခင်မင်ရတဲ့ ညီမ တယောက်ရဲ့အိမ်မှာ တပ်ဆင်ပေးခဲ့တာလေးပါ။ 6KVA ပဲခေါ်ခေါ် 6kW ပဲခေါ်ခေါ် အသုံးပြုသူတွေအလွယ်ခေါ်ကြတဲ့ 4800~5000 watt အားလောက်အထိသုံးနိုင်မဲ့ အင်ဗာတာကို ဆိုလာ ၈ ချပ်တပ်ဆင်ချိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ အင်တာနက်ကနေတဆင့်ကြည့်နိုင်အောင် WIFI setup တွေ လိုအပ်တဲ့ အားနည်းနေတဲ့ မီးလိုင်းရှင်းတာတွေပါ တတ်နိုင်သလောက်လုပ်ပေးဖြစ်ခဲ့ပါတယ်။ ဆိုလာ စနစ်မှာ အရေးကြီးတဲ့ နေရောင်ရဖို့ အလှည့်မှန်အောင် ဘာမှလုပ်စရာမလိုအပ်ခဲ့တဲ့ အိမ်လေးဆိုတော့ ကျွန်တော်တို့လည်း သက်သာ အိမ်ရှင်တွေလည်း အင်အားအပြည့်သုံးခွင့်ရတာပေါ့။ အရာရာအဆင်ပြေပြေ ချောချောမွေ့မွေ့ပါပဲ။ သဘောကောင်းတဲ့ ဦးလေး နဲ့ အန်တီ တို့မိသားစုရဲ့ အကျွေးအမွေးတွေအတွက်လည်း အထူးကျေးဇူးတင်မိပါရဲ့။
ဆိုလာတပ်ဆင်ခြင်တယ်ဆို ကျွန်တော်တို့ အဖွဲ့ကို ယုံယုံကြည်ကြည် ဆက်သွယ်ကြည့်ပါ။ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်အတိုင်း "Your Solutions Source: Always Ready!" လို့ကြွေးကြော်ပါရစေ။
PRO TECH SOLUTIONS
09 945 70 2255
09 945 70 2266
protechnicalsolutions.npt@gmail.com
ရမည်းသင်းမြို့မှာ တပ်ဆင်ဖြစ်ခဲ့တဲ့ Solar System ဓါတ်ပုံများ