WHAT TYPE OF SERVICES DO WE PROVIDE?
ဘယ်လိုဝန်ဆောင်မှုတွေ ပေးအပ်ခဲ့သလဲ?
မန္တလေးမှာ ဖွင့်လှစ်ခဲ့ပြီးဖြစ်သည့် သန်းကြွယ်လက်ဖက်ရည် ဆိုင်သစ်မှာတပ်ဆင်ဖို့အတွက် 15KVA ဝန်အားရှိ ဆိုလာအရံမီးပေးစံနစ်အတွက် ကျွန်တော်တို့ PRO TECHNICAL SOLUTIONS ကိုယုံကြည်စွာ လုပ်ငန်းပေးအပ်ခဲ့ပါတယ်။ လုပ်ငန်းအတွက် စတင်စကားပြောကြစဉ်ကတည်းကပင် DEADLINE နီးကပ်နေခဲ့ပါတယ်။ ပုံမှန်အားဖြင့် ယခုလို ပရောဂျက်မျိုးဆိုလျှင် စုစုပေါင်းကြာချိန် ၁၀ ရက်ခန့်လိုအပ်မည်ဖြစ်သော် လည်း ဆိုင်ဖွင့်ရန်အချိန်နဲ့နီးကပ်တိုက်ဆိုင်စွာပဲ ဆိုလာတပ်ဖို့ရန်အတွက် အတွေးရရှိခဲ့ကြသည့် ဆိုင်ပိုင်ရှင်များ၏ ဆန္ဒကိုမလွန်ဆန်ဖြစ်ပဲ ရအောင်လုပ်မည်ဆိုသည့်စိတ်ဖြင့် လုပ်ငန်းလက်ခံဖြစ်ခဲ့ပါသည်။ ရရှိခဲ့သည်ကြာချိန် စုစုပေါင်း ၇ ရက်မျှသာဖြစ်ပါတယ်။ ပစ္စည်းဝယ်ယူရန်အတွက် လုံလောက်တဲ့ စရံငွေကိုလည်း ယုံယုံကြည်ကြည် ပေးအပ်ခဲ့သည့်အတွက် ကျေးဇူတင်ရပါတယ်။
ငွေစျေးအတက်အကျအလွန်များနေသည့်အချိန် ပစ္စည်းများစျေးကွက်တွင်းရှားပါချိန်တွင် အလုပ်လက်ခံရသည်ဖြစ်သည့်အတွက် လက်ထဲ စရံငွေရောက်သည်နှင့်တပြိုင်တည်း ကိုယ်နှင့်လုပ်ငန်းတွဲလုပ်နေကျဆိုင်ကြီးတွေကို ဖုန်းဆက်အပူကပ်ပြီး ၂၄ နာရီထက်မကျော်စေပဲ ပစ္စည်းများအကုန်ရောက်ရှိအောင် စီမံရပါတယ်။ ဆိုလာအချပ်များ၊ METAL TRUNKING များ၊ မီးကြိုးများ၊ ဘထ္ထရီကြိုးများ၊ ALUMINIUM BAR များ၊ MID/END CLAMP များ၊ CABLE LAG များ၊ BREAKER များ၊ ATS များ၊ SPD များ၊ ELBC များ၊ အင်ဗာတာများ (GROWATT BRAND) စသည့်အစုံအလင် ၂၄ နာရီအတွင်းရောက်ရှိလာခဲ့သည်။ ကျွန်တော်တို့အဖွဲ့ အင်တိုက်အားတိုက် ဆိုလာဆင်သူကဆင်၊ TRUNKING ပြေးသူကပြေး၊ မီးကြိုးတိုင်းပြီး ဆွဲသူကဆွဲ၊ PANEL BOX တွေထိုင်သူကထိုင်၊ EARTH ရိုက်သူကရိုက် စသဖြင့်လုပ်နေရင်းအတော်လေးပြီးစီးသွားကြသည်။ ပြဿနာက ဘထ္ထရီ၊ ၄ရက်မြောက်နေ့ထိ ရောက်မလာသေး။ ဘထ္ထရီဆိုင်ဆီ ဖုန်းတွေ အသားကုန်ဆက် ချက်ခြင်းကားတင်ပေးဖို့အပူကပ် မနက်အရောက်ပို့ဖို့ ၁၀ ခါထက်မနည်းဖုန်းတွေဆက်ခဲ့တော့ နှစ်ဘက်စလုံးနားတွေပူရတာပေါ့။ ဒါပေမယ့် နားပူရကြိုးနပ်ပါတယ် နေ့ချင်းပစ္စည်းပို့ နောက်ရက်မနက်ကျ ကားရောက်တာနဲ့ ဘထ္ထရီကို ကိုယ်တိုင်သွားသယ်ပြီး ဆိုင်ရောက်ခါမှ စိတ်ထဲ ဟင်း ချနိုင်ပါတော့တယ်။
အစုံအလင် ပစ္စည်းတွေတပ်ဆင်ပြီးလို့ ဆိုလာ၊ အင်ဗာတာ၊ ဘထ္ထရီ နဲ့ ဆက်စပ်ပစ္စည်းတွေ စမ်းသပ်ကြည့်တော့ ကိုယ်တွေလုပ်ထားတာပဲ ဘာပြောကောင်းမလဲ ဘာပြဿနာ အယ်ရာမှ မတက် စိတ်အေးရပြီပေါ့။ အိမ်မီးလေးလည်း JOIN လိုက်ရော အင်ဗာတာက ထအော်ပါလေရော။ ERROR CODE 16 တဲ့ သိလိုက်ပြီ PHASE LINE ပြဿနာဆိုတာ။ ဆိုင်ပတ်ကြည့်လို့ 3 PHASE ပစ္စည်းတခုတလေ မရှိ တိုင်ပတ်ပြီဆိုတော သိလိုက်ပြီ။ အခက်အခဲကြုံပြီဆို မမေးနဲ့ PHASE SEQUENCE METER ကမပါလာကြဘူး အေးတာပဲ။ ဒါနဲ့ PHASE SEQUENCE တွေကို တချောင်းချင်း တလှည့်စီ MANUAL ပြောင်းတယ် အေးဆေးပဲ အဆင်ပြေသွားတယ်လေ။ အထပ်ထပ် အဖန်ဖန်စမ်းသတ် နောက်ဆုံး အယ်ရာအကုန်ရှင်းပြီဆိုတော့ စိတ်ဒုန်းဒုန်းချ ကိုယ့်လူတွေပင်ပန်းတော့ နားခိုင်းလိုက်တယ် ဆိုင်မဖွင့်ခင် မနက်ဖြန် တရက်တောင်ကျန်သေးတယ်ဆိုတော့ အေးဆေးပဲပေါ့။ နောက်ဆုံးနေ့ကျ မနက်ကြီး ဝန်ထမ်းတွေဖုန်းဆက်တယ် မီးဆက်နိုးလိုက်တာ အင်ဗာတာ အယ်ရာတွေတက်ကုန်လို့တဲ့။ ပြူးလိုက်ရတဲ့ မျက်စိဆိုတာ ဒီနေ့အပြီးဖြေရှင်းရတော့မှာတွေးပြီး ရင်တွေတောင်ပူသွားတယ်။ မတတ်နိုင်ဘူး PHASE METER တခုဝယ်ပြီး ကိစ္စရှင်းလိုက်မှပဲ အေးတော့တယ်။ ဒါတောင် ဆိုင်မီး အစအဆုံး ပြေးဆွဲပေးတဲ့ဆရာနဲ့ စကားသိပ်မပြောလိုက်ရတော့ မညီတဲ့ LOAD တွေ ကိုယ်အဖွဲ့နဲ့ကိုယ် အတတ်နိုင်ဆုံးဖြေရှင်းလိုက်ကြတယ်။ ဖြေရှင်းမရနိုင်တာတွေကျတော့ ဆိုင်မီးပြေးဆွဲတဲ့ဆရာတွေကိုပဲ အကူအညီတောင်း အပူကပ် နောက်ဆုံး ညမိုးချုပ်အထိ အလုပ်တွေလုပ် အိပ်ရေးတွေပျက်ရင်း အစစအရာရာ အဆင်ပြေချောမွေ့ခဲ့တယ်ပေါ့။
ဆိုလာ၊ အင်ဗာတာ၊ ဘထ္ထရီ တပ်ဆင်ပေးရတဲ့ ဆားဗစ်က အင်မတန်ခေါင်းကိုက်ရပါတယ်။ သာမာန် အိမ်မီးလိုင်းတွေထက်ကို ပိုပြီးတိကျသေချာတဲ့ တပ်ဆင်မှုတွေ အဆင့်ဆင့်ပြုလုပ်ရတယ် အဖန်ဖန် စစ်ဆေးရပါတယ်။ တချို့တွေက ဆိုလာတပ်မယ်ဆို ကုန်ကျစရိတ်စျေးများတယ်ဆိုပြီး ပြောတတ်ကြပါတယ်။ တကယ်တန်း ကုန်ကျစရိတ်များရခြင်းက အဘက်ဘက်ကဖြစ်လာနိုင်တဲ့ လျှပ်စစ်ပတ်သက်တဲ့ဘေးအန္တရာယ်တွေကို ကြိုတင်တွေးဆပြီး အရည်အသွေးကောင်းတဲ့ လျှပ်စစ်ဘေးကာကွယ်တဲ့ပစ္စည်းတွေထည့်သွင်း ရလို့သာစျေးနှုန်းကြီးမြင့်တယ်လို့မြင်ကုန်ကြတာပေါ့။ ကိုယ့်ရဲ့ အိမ်၊ ဆိုင်၊ စက်ရုံ၊ ဂိုထောင် စတဲ့နေရာတွေအကုန် ဘေးကင်းတဲ့ကောင်းကျိုးတွေလည်း မနည်းပါဘူး။
ဆိုလာတပ်ရင် ဘာတွေအားသာမလဲ မေးကြတယ်။ အတော်များများ ကလည်းဖြေကြတယ် မီတာခ သက်သာတယ်တဲ့။ မှန်တာပေါ့ ဒါအဖြေမှန်ပဲ ဒါပေမယ့်အဲ့ဒီထက်ပိုများတဲ့ကောင်းကျိုးတွေက မီးလာချိန်မှာလဲ ဆိုလာကတဆင့်မီးအားသုံးနေတာဆိုတော့အိမ်မီး မီတာတက်သက်သာတာ၊ မီးစက်မောင်းနှင်ရတဲ့အခါ မီးစက်ရုန်းအားသက်သာတာ၊ မီးစက်ဆီဖိုးသက်သာတာ၊ မီးစက်ကြောင့်ဖြစ်ပေါ်လာတဲ့ ဆူညံသံလျော့ကျတာ စတဲ့ကောင်းကျိုးတွေလည်းရှိပါသေးတယ်။
ဒါကြောင့် ဆိုလာတပ်ဆင်ခြင်တယ်ဆို ကျွန်တော်တို့ အဖွဲ့ကို ယုံယုံကြည်ကြည် ဆက်သွယ်ကြည့်ပါ။ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်အတိုင်း "Your Solutions Source: Always Ready!" လို့ကြွေးကြော်ပါရစေ။
PRO TECH SOLUTIONS
09 945 70 2255
09 945 70 2266
protechnicalsolutions.npt@gmail.com
contact@protechsolutions.site
မန္တလေး သန်းကြွယ်လက်ဖက်ရည်ဆိုင် ပရောဂျက်ဓါတ်ပုံများ