WHAT TYPE OF SERVICES DO WE PROVIDE?
BACK TO 2013
ရိုးရှင်းတဲ့ Point To Point WIFI Setup တခုအကြောင်း
မော်လမြိုင်မြို့က ကာစတန်မာတယောက်က လာလုပ်ပေးပါဆိုတာနဲ့ ထုံးစံအတိုင်း အလုပ်နည်းသည်များသည်အကြောင်းမဟုတ် ကိုယ့်ကိုယုံကြည်လို့ အဝေးကြီးကနေ လှမ်းခေါ်တယ်ဆိုတဲ့ စိတ်ခံစားချက်နဲ့တင် အပြေးလေး လုပ်ပေးနေချင်တာ စေတနာအမှန်ပါ။
လုပ်ရတဲ့အလုပ်က ရိုးရှင်းပါတယ် မီတာ ၄၀၀ လောက်ဝေးတဲ့အိမ်နှစ်အိမ်ကို အင်တာနက်ရော၊ local server ရောအဆင်ပြေအောင် ချိတ်ဆက်ပေးရတာပါပဲ။ ဘယ်လောက်ရိုးရှင်းတယ်ပဲပြောပြော P2P တိုင်းက ပြဿနာလေးတွေပေးတတ်ပါတယ်။ အခုတခေါက်ဖြစ်တဲ့ပြဿနာကတော့ နေရာအဆင်မပြေတာပါ။ အိမ်တလုံးက ကုန်းမြင့်မှာရှိပြီး ကျန်တဲ့အိမ်တလုံးက အနိမ့်ပိုင်းမှာရှိနေတဲ့အပြင် Line of sight (LOS) ကလည်းမရှင်းပါဘူး။ သုံးရတဲ့ ပစ္စည်းကလည်း အဲ့တုန်းက မြန်မာပြည်မှလူသိပ်မသုံးသေးတဲ့ EnGenius အဟောင်းလေးတွေနဲ့ဆိုတော့ ဘာပြောကောင်းမလဲပေါ့။ အစက နေ့ချင်းပြန်လုပ်မယ်ကြုံးဝါလာလိုက်တာ ၁ ရက်အိပ်လိုက်ရတာပါပဲ။ ဘယ်တော့မှ အလောတကြီးမစီစဉ်ထားဖို့ သင်ခန်းစာရလိုက်တယ်ပေါ့လေ။
နေ့တပိုင်းလောက် တိုင်ထောင် လိုင်းလွှင့် လိုင်းဖမ်း လုပ်လိုက်တာ အဆင်ပြေသွားတော့ နောက်နေ့မနက် အပြီးသတ်တပ်ဆင်ပြီး ကွန်နက်ရှင်ကောင်းမကောင်း၊ Loss ရှိမရှိတွေ ကာစတန်မာနဲ့တူတူ ထိုင်ပြီးစမ်းပေးလိုက်တာ နှစ်ဦးနှစ်ဘက်စိတ်ချမ်းသာစွာနဲ့ပဲ ပရောဂျက်လေးတခုပြီးဆုံးခဲ့တယ်ပေါ့။
PRO TECH SOLUTIONS
မော်လမြိုင်မြို့က EnGenius Point To Point Project